Anti aging facial

Time : ၁:၁၅ နာရီ Price : ၃၅၀၀၀ ကျပ်

အရေပြားဆဲလ်များ အသစ်ပြန်လည်တည်ဆောက်မှုကို အားပေးပြီး ကော်လဂျင်များ ထွက်စေဖို့ အရှေ့တိုင်းကုထုံး ဂွါရှားအနှိပ်နဲ့ အနောက်တိုင်း အပူစွမ်းအင်နည်းပညာ ပေါင်းစပ်ပေးထားသော ကုထုံးလေး ဖြစ်ပါတယ်။

ပါဝင်အဆင့်များ

  • မျက်နှာကို Double Cleansing နှစ်ထပ် ဦးစွာသန့်စင်ပေးပါတယ်။
  • နူးညံ့သော Scrub မှုန့်လေးတွေနဲ့ Exfoliate ပြုလုပ်ပေးပါတယ်။
  • မျက်နှာက အကြောများကို ဖွင့်ပေးပြီး သွေးလည်ပတ်မှုကောင်းစေရန် ၁၅မိနစ် ခန့် နှိပ်နယ်ပေးပါတယ်
  • ကျောက်ပြားလေးနဲ့ မျက်နှာတလျောက် အချက်ကျကျ ပင့်တင်နှိပ်နယ်ပေး ရပါတယ်။ (ထိုသို့ ပြုလုပ်ပေးခြင်းက မျက်နှာအရေပြားအောက်ရှိ ပြန်
  • ရည်ကြောများကို ပွင့်စေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။)
  • တွဲကျအိနေတော့ အသားရေကိုလဲ ပြန်လည်တင်းရင်းစေပါတယ်။
  • အပူစွမ်းအင်သုံး စက်လေးဖြင့် ပါး၊ မေးရိုး ၊ မျက်လုံး စတဲ့ နေရာလေးတွေကို ပင့်တင်ပေးမှာ ဖြစ်ပါတယ်။ ( စက်အသုံးပြုပေးနေတဲ့ အချိန်မှာ အနည်းငယ် ပူရှိန်းနေတာ ခံစားရပါမယ်)
  • Red Light Therapy + Sheet Mask အုပ်ထားပြီး တစ်ခဏ အနားယူစေပါတယ်။
  • အသက်သုံးဆယ်နဲ့ အထက် အသားရေ တင်းရင်းနုပျိုချင်သူများအတွက် သင့်လျော်ပါတယ်။